It is untraceable how and when noodles came to Myanmar. One thing we are confident is we all enjoy noodles, and they are embedded deeply into our culture as our staple or comfort food. The fascinating thing about Myanmar’s noodle culture is the diverse array of noodle cooking recipes that are found every part of Myanmar; from western coastal beaches of Rakhine to the southern islands in Mergui Archipelago, the hills in the north and the east and throughout the central lowlands.

Myanmar’s noodles come from different ingredients (such as rice, wheat or even peas) and come in different shapes - thin, flat, round, thick and cut noodles. The preparation and presentation vary too in the form of noodle soup, noodle salad, fried noodle or many others. While some noodle recipes are unique to Myanmar, others descended from and are influenced heavily by the noodle recipes of neighboring countries like China, Thailand, Laos and those of Malay peninsula.

Our country’s fascinating fondness for noodles has inspired us to learn more noodles around the Southeast Asia region. We are sure you would enjoy our noodles as much as we do. Walk with us the interesting journey of noodles around the Southeast Asia Region.

Salween Kitchen Noodles - မြန်မာနိုင်ငံ မှာ ခေါက်ဆွဲစားသုံးမှု ဘယ်လိုစတင်ဖြစ်ပေါ်လာခဲ့တာကို သေချာ ပြန်ရှာကြည့်ဖို့ မလွယ်ကူပေမယ့် ခေါက်ဆွဲဟာ မြန်မာလူမျိုးတွေရဲ့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာစွဲမြဲစွာ ပါဝင်နေတာပါ။ မြန်မာနိုင်ငံ တနံတလျားမှာ ခေါက်ဆွဲကို စားသုံးတဲ့ပုံနဲ့ ချက်ပြုတ်ပုံတွေက နေရာဒေသပေါ်မူတည်ပြီး ကွဲပြားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ စားသုံးနေကြတဲ့ ခေါက်ဆွဲတွေကို ဆန်၊ ဂျုံ၊ ပဲ စတဲ့ပစ္စည်းမျိုးစုံနဲ့ ပြုလုပ်လေ့ရှိကြပြီး ခေါက်ဆွဲပုံစံကလည်း ခေါက်ဆွဲပြား၊ ခေါက်ဆွဲအလုံးသေး/ကြီး၊ ညှပ်ခေါက်ဆွဲ စသည်ဖြင့် ပုံစံမျိုးစုံလှပါတယ်။ ပြင်ဆင်ချက်ပြုတ်တဲ့ ပုံစံ နဲ့ တည်ခင်းတဲ့ ပုံစံမှာလည်း ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲသုတ်၊ ခေါက်ဆွဲကြော် စသည်ဖြင့် အမျိုးစုံကွဲပြားပါတယ်။တချို့ ခေါက်ဆွဲတွေက မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်ချက်ပြုတ်တဲ့ ပုံစံဖြစ်ပြီး တချို့ခေါက်ဆွဲတွေကတော့ တရုတ်၊ ထိုင်း၊ လာအို နှင့် အဝေးက မလေးကျွန်းဆွယ် စတဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေ ပါနေတာကိုတွေ့ရပါတယ်။
မြန်မာလူမျိုးတွေရဲ့ ခေါက်ဆွဲကို နှစ်သက်စွာစားသုံးကြတဲ့ ဓလေ့ဟာ Salween Kitchen အတွက် အရှေ့တောင်အာရှ ဒေသတွင်းက အခြားခေါက်ဆွဲမျိုးစုံကို လေ့လာစူးစမ်းစေဖို့ တွန်းအားတစ်ခုဖြစ်လာခဲ့ပါတယ်။ အရှေ့တောင်အာရှဒေသရဲ့ စိတ်ဝင်စားဖွယ် ခေါက်ဆွဲယဉ်ကျေးမှုကို လေ့လာစူးစမ်းသွားမည့် Salween Noodle ခရီးစဉ်လေးကိုလည်း ဆက်လက်အားပေးသွားဖို့လည်း ဖိတ်ခေါ်ပါတယ်။
